သတင်းများ

အမှတ်စဉ် ၁/၂၀၁၆ အခြေခံဂဟေဆက် သင်တန်းဖွင့်လှစ်ခြင်း

၂-၅-၂၀၁၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင်ရေး သင်တန်းကျောင်း (မန္တလေး)နှင့် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့ ပူးပေါင်း၍ အမှတ်စဉ် ၁/၂၀၁၆ အခြေခံဂဟေဆက်သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှတာဝန်ရှိသူများ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ လူစီးတွဲနှင့်ကုန်တွဲ စက်ရုံ (မြစ်ငယ်)မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

Copyrights © www.gov.mm.All right reserved.