အလုပ်သမားများအတွက်ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန(Migrant Resources Center, MRC)များဖွင့်လှစ်ဆောင်ရွက်မှုရှိ/မရ

ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိနေသော ဒေသတွေမှာ မိမိတို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ
ထောက်ပံ့ကူညီ ပေးရေး ဗဟိုဌာနများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

International Labour Organization (ILO) နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် လည်းကောင်း၊ International Organization for Migration (IOM) နှင့်
ပူးပေါင်း၍ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ်
အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါသည်။

ထပ်မံ၍ ILO နဲ့ ပူးပေါင်းပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေးမြို့နယ်၊ မြင်းခြံ မြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ
ထားဝယ်မြို့နယ် တို့တွင် ဖွင့်လှစ်နိုင်ရေးနှင့် IOM နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မရမ်းကုန်းမြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့၊ ရခိုင်ပြည်နယ်နှင့်
ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဆက်လက်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါသည်။

Copyrights © www.gov.mm.All right reserved.