လုပ်ငန်းခွင်အတွင်း ကျား၊မ ရေးရာတန်းတူညီမျှမှုရှိစေရန်အတွက် အလုပ်သမားရေးရာလုပ်ငန်းခွင်နှင့် ကျား၊ မ ရေးရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာလ ၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် Gender Equality Network တို့ ပူးပေါင်း၍ အလုပ်သမားရေးရာလုပ်ငန်းခွင်နှင့် ကျား၊ မ ရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ Horizontal Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ NGO များမှ တာဝန်ရှိသူ များ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။

Copyrights © www.gov.mm.All right reserved.